ယောဘဝတ္တု။ 30:10 - Common Language Bible ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။ Garrad Bible သူ တို့ သည် ငါ့ ကို စက် ဆုပ် သ ဖြင့် ခွာ နေ လျက်၊ ငါ့ မျက် နှာ ကို တံ တွေး မ ထွေး ဘဲ မ နေ ကြ။ Judson Bible ငါ့ကိုရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့်မထွေးဘဲ မနေကြ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။ |
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
ထာဝရဘုရားကမောရှေအား``အကယ်၍ သူ၏ဖခင်သည်သူ၏မျက်နှာကိုတံတွေး နှင့်ထွေးလျှင် သူသည်ခုနစ်ရက်ပတ်လုံး အရှက်ခွဲခြင်းခံရမည်မဟုတ်လော။ ထို ကြောင့်သူ့ကိုစခန်းအပြင်တွင်ခုနစ်ရက် မျှသီးခြားနေထိုင်စေလော့။ ရက်စေ့လျှင် သူ့ကိုစခန်းအတွင်းသို့ပြန်လည်ခေါ်ဆောင် ရမည်'' ဟုမိန့်တော်မူ၏။-
သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-