ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
ယ ခု မူ ကား၊ ငါ့ သိုး ဆိတ် အုပ် ကို အ ထိန်း အ ကျောင်း ခွေး များ နှင့် အ တူ နေ ရာ မ ရ ထိုက် သော အ ဘ ရှိ သူ တို့ တည်း ဟူ သော၊ ငါ့ ထက် ငယ် ရွယ် သူ တို့ သည်၊ ငါ့ ကို ပြက် ရယ် ပြု ကြ လေ စွ။
ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည်ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှ နေရာမပေး။
ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။
ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
မာန်မာနကြီးသူတို့သည်ကွန်တော်မျိုးကို အစဉ်ပင် ကဲ့ရဲ့ကြသော်လည်း ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏တရားတော်မှ သွေဖည်၍မသွားပါ။
သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။ သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။
အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။-
လူပရိသတ်အားလုံးက ``ဤသူကိုသေဒဏ် ပေးပါ။ အကျွန်ုပ်တို့အတွက်ဗာရဗ္ဗကိုလွတ် ငြိမ်းချမ်းသာခွင့်ပေးပါ'' ဟုတစ်ပြိုင်နက် ဟစ်အော်ကြ၏။-
လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
သူတို့၏ပရောဖက်ဖြစ်သူကရေတေကျွန်း သားတစ်ဦးကပင်လျှင်``ကရေတေကျွန်းသား တို့သည်အစဉ်လိမ်လည်သူများ၊ သားရဲဆိုး များ၊ ပျင်းရိစားကြူးသူများဖြစ်၏'' ဟုပြော ဆိုခဲ့၏။ ထိုသူ၏ပြောဆိုချက်သည်မှန်ပေ သည်။ သို့ဖြစ်၍သူတို့သည်အမှန်တကယ် ယုံကြည်လာကြစေရန်လည်းကောင်း၊ ယုဒ ဒဏ္ဍာရီစကားများနှင့်သမ္မာတရားကို ပစ်ပယ် သူတို့၏ပညတ်များကိုစွန့်လွှတ်လိုက်ကြ စေရန်လည်းကောင်းသူတို့အားကြပ်တည်း စွာဆုံးမရမည်။-