ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
ယောဘဝတ္တု။ 3:4 - Common Language Bible ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊ Garrad Bible ထို နေ့ ကို ဘ ဝဂ် ပေါ် မှာ၊ ဘု ရား သ ခင် ထုတ် ခေါ် တော် မ မူ။ အ လင်း မ သက် မ ရောက်၊ မှောင် လည်း မှောင် မိုက် ပါ စေ။ Judson Bible ထိုနေ့ရက် မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်သည် မှောင်မိုက်ဖြစ်ပါစေ။ အထက်အရပ်ရှိဘုရားသခင်သည် ထိုနေ့ရက်ကို အမှတ်မထားပါစေနှင့်။ ထိုနေ့ရက်သည် အလင်း မထွန်းလင်းပါစေနှင့်။ |
ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
ထိုနောက်ပဉ္စမကောင်းကင်တမန်သည်မိမိ၏ ဖလားမှအမျက်တော်ကိုသားရဲ၏ပလ္လင်ပေါ် သို့သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏နိုင်ငံ သည်မှောင်အတိဖြစ်လေ၏။ ထိုနိုင်ငံသားတို့ သည်ဝေဒနာခံရသည်နှင့်မိမိတို့၏လျှာ ကိုကိုက်ခဲကြ၏။-