ယောဘဝတ္တု။ 28:19 - Common Language Bible ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။ Garrad Bible ကု ရှ ပြည် ဥဿ ဘ ယား မ ညီ မျှ ဘဲ၊ လှော် ပြီး ရွှေ နှင့် လည်း မ စက် နိုင် ချေ။ Judson Bible ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။ မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။ |
ရင်ဖုံးပေါ်တွင်ကျောက်မျက်လေးတန်းတပ် ဆင်ထားရမည်။ ပထမအတန်းတွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
သူတို့သည်ထိုရင်ဖုံးပေါ်တွင်ကျောက်မျက် လေးတန်းတပ်ဆင်ထား၏။ ပထမအတန်း တွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ပဉ္စမအုတ်မြစ်မှာကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာပတ္တမြား၊ သတ္တမအုတ်မြစ်မှာဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ် မှာမျက်ရွဲ၊ နဝမအုတ်မြစ်မှာဥဿဖရား၊ ဒသမ အုတ်မြစ်မှာမဟူရာစိမ်း၊ ဧကဒသမအုတ်မြစ် မှာစိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာဂေါ် မုတ်ဖြစ်သတည်း။-