ယောဘဝတ္တု။ 28:11 - Common Language Bible စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။ Garrad Bible မ ယို မ ဖိတ် စေ ခြင်း ငှာ မြောင်း ရေ ကို ဆည်း ပိတ်၍၊ ကွယ် ဝှက် သ မျှ ကို ထုတ် ဖော် တတ်၏။ Judson Bible စီးသောရေကို တစ်ဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဖော်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း စီးဆင်းနေသောချောင်းများကို ဆည်ဖို့၍ ဖုံးကွယ်နေသောအရာတို့ကို ဖော်ထုတ်၏။ |
ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင့် တပ်မတော်သားတို့သည်ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားဝါခဲ့၏။
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။