သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
ဆင်း သက် သော သား မြေး များ ပြား ပါ သော် လည်း၊ ဓား စာ ဖြစ်၏။ အ စာ အာ ဟာ ရ နှင့် လည်း ရောင့် ရဲ ခွင့် မ ရ ကြ။
သူ၏သားသမီးများပြားသော်လည်း ဓားစာဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍ မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
`ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။