မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
ယောဘဝတ္တု။ 26:6 - Common Language Bible မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ Garrad Bible မျက် မှောက် တော် တွင်၊ မ ရ ဏာ့ နိုင် ငံ ဟင်း လင်း ပွင့်၍။ င ရဲ လည်း အ ဖုံး အ ကွယ် မ ရှိ ချေ။ Judson Bible မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ မြန်မာ့စံမီသမ္မာကျမ်း ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။ |
မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
အကယ်၍ကျွန်တော်မျိုးသည်မိမိအား ဖုံးလွှမ်းရန် မှောင်မိုက်ကိုလည်းကောင်း၊ မိမိ၏ပတ်လည်ရှိအလင်းကိုညဥ့်အဖြစ်သို့ ပြောင်းလဲစေရန်လည်းကောင်းစေခိုင်းလျှင်
အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။
ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။ သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။
မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-
ကိုယ်တော်သည်လျှို့ဝှက်နက်နဲသည့် အရာများကိုထုတ်ဖော်တော်မူ၏။ မှောင်မိုက်တွင်ဖုံးကွယ်နေသည့် အရာများကိုသိတော်မူ၏။ ကိုယ်တော်အားအလင်းဝိုင်းရံလျက်ရှိ၏။
မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။-
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)