Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဘဝတ္တု။ 31:12 - Common Language Bible

12 ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ငါ့ အ ကျိုး စီး ပွား ရှိ သ မျှ ကို နုတ် ယူ၍၊ င ရဲ တိုင် အောင် ကျွမ်း လောင် သော မီး ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ပျက်စီး​ခြင်း​နိုင်ငံ​တိုင်အောင် လောင်ကျွမ်း​သော​မီး​၊ ငါ​၏​ကောက်ပဲသီးနှံပင်​အားလုံး​ကို အမြစ်ပါမကျန် လောင်ကျွမ်း​သော​မီး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 31:12
10 ပူးပေါင်းရင်းမြစ်များ  

လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။


ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။


ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။


မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။


မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။


သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။


သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။


သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။)


ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ