ယောဘဝတ္တု။ 23:7 - Common Language Bible ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။ Garrad Bible ထို အ ရပ်၌ သ ဘော ဖြောင့် သူ သည် ချေ ပ ခွင့် ရ သည့် အ တိုင်း၊ တ ရား စီ ရင် သော အ ရှင့် ထံ၊ ကာ လ အ စဉ် ငါ ထွက် မြောက် ခွင့် ရ လိမ့် မည်။ Judson Bible ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသောအခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ်ရှင်းလင်းစေတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်တွင် ဖြောင့်မှန်သောသူတို့ လျှောက်လဲခွင့်ရှိ၏။ ငါ့ကိုစီရင်သောအရှင်သည် ငါ့ကိုထာဝရလွတ်မြောက်ခွင့်ပေးလိမ့်မည်။ |
အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-