သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
ယောဘဝတ္တု။ 21:5 - Common Language Bible ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။ Garrad Bible ငါ့ ကို လှည့် ကြည့်၍ အံ့ အား သင့် လျက်၊ နှုတ် ကို လက် နှင့် ပိတ် ထား ကြ လော့။ Judson Bible ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုကြည့်၍ အံ့အားသင့်လျက် လက်နှင့်ပါးစပ်ကို ပိတ်ထားကြလော့။ |
သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
နိုင်ငံတကာတို့သည်အင်အားကြီးသော် လည်း ထိုအမှုအရာများကိုမြင်၍ကြောက် ရွံ့ထိတ်လန့်ကြသဖြင့် မိမိတို့၏ပါးစပ် နှင့်နားများကိုပိတ်ထားကြလိမ့်မည်။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-