ယောဘဝတ္တု။ 21:17 - Common Language Bible မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊ Garrad Bible လူ ဆိုး တို့ မီး ခွက် ငြိမ်း လျက်၊ ဘေး ရောက်၍၊ အ မျက် တော် ဖြင့် ဝေ ငှ သော ဒု က္ခ ခံ ရ သည့် ပြင်၊ လေ လွင့် သော ကောက် ရိုး၊ လေ ဗွေ ဝှေ့ သော ဖွဲ့ ကဲ့ သို့ သူ တို့ ဖြစ် ရ သည့် အ ကြိမ် ကား မည် မျှ နည်း။ Judson Bible မတရားသောသူတို့၏ မီးခွက်သည်သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှာ ဘုရားသခင်သည် အမျက်တော်ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူဖူးသည်ကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း လူဆိုးတို့၏မီးခွက်သည် ဘယ်နှကြိမ် ငြိမ်းဖူးသနည်း။ သူတို့သည် ဘယ်နှကြိမ် ဒုက္ခရောက်ဖူးသနည်း။ ဘုရားသခင်၏အမျက်တော်ဒဏ်ကို ဘယ်နှကြိမ် ခံရဖူးသနည်း။ |
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။-
ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။