ယောဘဝတ္တု။ 21:10 - Common Language Bible သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။ Garrad Bible သူ တို့ နွား သိုး သည် မိတ် လိုက်၍ မျိုး မ တုံး။ နွား မ လည်း ပေါက် ပွား လျက် သား မ ပျက်။ Judson Bible သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ပိုင်သောနွားထီးများသည် မျိုးကောင်း၍ မျိုးမအောင်ခြင်းမရှိ။ နွားမများသည်လည်း သားပေါက်၍ သားလျှောခြင်းမရှိ။ |
သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။-