မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
ယောဘဝတ္တု။ 19:29 - Common Language Bible ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။ Garrad Bible ဘု ရား သ ခင် ဆုံး ဖြတ် တော် မူ သည် ကို သင် တို့ သိ စေ ခြင်း ငှာ၊ ဓား ဘေး ဒဏ် ရက် စက် သည် ဟု မြွက် ဆို၏။ Judson Bible ဓားဘေးကို ကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ဓားဘေးဖြင့် အပြစ်ပေးတတ်၏။ အပြစ်စီရင်ရသောအချိန် ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။ |
မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။
သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။