ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
ယောဘဝတ္တု။ 19:13 - Common Language Bible ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။ Garrad Bible ညီ အစ် ကို တို့ ကို ငါ နှင့် ကွာ ဝေး စေ တော် မူ၍၊ အ သိ အ ကျွမ်း များ လည်း၊ စိမ်း ကား သူ တို့ ဖြစ် ကြ လေ ပြီ။ Judson Bible ငါ့ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။ |
ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
ကျွန်တော်မျိုးသေလေပြီကဲ့သို့ လူအပေါင်းတို့သည်ကျွန်တော်မျိုးအား မေ့ပျောက်သွားကြပါ၏။ ကျွန်တော်မျိုးသည်စွန့်ပစ်ခြင်းခံရသည့် အိုးကွဲကဲ့သို့ဖြစ်ပါ၏။
ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။
ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊ မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
အရင်းနှီးဆုံးသောမိတ်ဆွေများအားပင် လျှင် ကျွန်တော်မျိုးကိုစွန့်ပစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးမှာမိတ်ဆွေဖွဲ့ရန်မှောင်မိုက်သာလျှင် ကျန်ရှိပါတော့၏။
ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။-