သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
ယောဘဝတ္တု။ 18:17 - Common Language Bible မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ Garrad Bible နေ ပြည်၌ သူ့ အ မှတ် သ ညာ ကွယ် ပျက်၍၊ တစ် ပြင် လုံး၌ လည်း နာ မ တည် မည် မ ဟုတ်။ Judson Bible မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ မြန်မာ့စံမီသမ္မာကျမ်း မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။ |
သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
ထာဝရဘုရားသည်သူတို့၏အပြစ်တို့ကို သတိရတော်မူပါစေသော။ သို့ရာတွင်သူတို့၏နာမည်သည်လောကမှ လုံးဝပျောက်ကွယ်သွားပါစေသော။
သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါ မကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန် ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
သင်သည်မိမိ၏တိုင်းပြည်ကိုပျက်ပြုန်းစေ၍ ကိုယ့်ပြည်သူတို့ကိုသတ်ဖြတ်ပစ်သည်ဖြစ်၍ အခြားဘုရင်များကဲ့သို့သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ သင်၏ဆိုးညစ်သော အမျိုးအနွယ်ဝင်တို့သည်လည်း တစ်ဦးတစ် ယောက်မျှအသက်မသေဘဲကျန်ရစ်လိမ့် မည်မဟုတ်။-
ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။