ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
ယောဘဝတ္တု။ 18:13 - Common Language Bible ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ Garrad Bible သေ မင်း၏ သား ဦး သည်၊ သူ့ ကိုယ် အင်္ဂါ ရှိ သ မျှ ကို စား မျို လိမ့် မည်။ Judson Bible ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူ့အသားအရေကို တစ်စပြီးတစ်စစားပစ်လိမ့်မည်။ သေမင်း၏သားဦးသည်လည်း သူ့ခြေလက်အင်္ဂါများကို ဝါးမျိုလိမ့်မည်။ |
ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။
ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။