ယောဘဝတ္တု။ 16:17 - Common Language Bible သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။ Judson Bible သို့သော်လည်း ငါ့လက်၌ မတရားသောအမှု မရှိ။ ငါပြုသောပတ္ထနာသည် သန့်ရှင်း၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။ |
ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-