နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ယောဘဝတ္တု။ 15:8 - Common Language Bible ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။ Garrad Bible ဘု ရား သ ခင်၏ သု ဓ မ္မာ သ ဘင် တွင် နား ထောင်၍၊ ပ ညာ တော် ကို ဥဿုံ ပိုင် သ လော။ Judson Bible ဘုရားသခင်နှင့် တိတ်ဆိတ်စွာ တိုင်ပင်ဖူးသလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီလော။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။ |
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
ကျမ်းစာတော်တွင်၊ ``အဘယ်သူသည်ထာဝရဘုရားရှင်၏ စိတ်သဘောတော်ကိုသိပါသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်ပါသနည်း'' ဟူ၍ပါရှိသည်အတိုင်းပင်ဖြစ်၏။ ငါတို့မူကား ခရစ်တော်၏စိတ်သဘောတော်ကိုရရှိကြ၏။
``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။