ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
ယောဘဝတ္တု။ 15:24 - Common Language Bible ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။ Garrad Bible ကျဉ်း ကျပ် ခြင်း၊ ခဲ ယဉ်း ခြင်း လည်း၊ သူ့ ကို ချောက် လှန့်၍၊ တိုက် ရန် အ သင့် ရှိ သော ရှင် ဘု ရင် ကဲ့ သို့ အောင် နိုင် တတ်၏။ Judson Bible ဆင်းရဲခြင်းဒုက္ခနှင့် နာကြည်းခြင်းဝေဒနာတို့သည် ထိုသူကို ခြောက်တတ်၏။ စစ်တိုက်ခြင်းငှာ အသင့်နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကိုနိုင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။ |
ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
ကွန်တော်မျိုးသည်ပူပင်သောကရောက်လက် ရှိပါ၏။ သို့ရာတွင်ပညတ်တော်မားကကွန်တော် မျိုးအား စိတ်ရ"င်လန်းမှုကိုပေးပါ၏။
သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။
ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
ဦးစွာယုဒလူ၊ ထို့နောက်လူမျိုးခြားတို့ အနက်ဒုစရိုက်ကိုပြုသူအပေါင်းတို့ သည် ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာ ကိုခံရကြလိမ့်မည်။-