ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
ယောဘဝတ္တု။ 13:7 - Common Language Bible သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။ Garrad Bible ဘု ရား သ ခင် ဘက်၌၊ မ တ ရား သ ဖြင့်လည်း ကောင်း၊ ပ ရိ ယယ် ဖြင့်လည်း ကောင်း၊ ပြော ဆို ဝံ့ ကြ သ လော။ Judson Bible သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသားကိုသုံးချင်သလော။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။ |
ယေဟုသည်ရှမာရိမြို့သားတို့အား စုဝေး စေပြီးသောအခါ``အာဟပ်မင်းသည်ဗာလ ဘုရားကိုအနည်းငယ်မျှသာကိုးကွယ်ခဲ့၏။ ငါသည်သူ့ထက်များစွာပို၍ထိုဘုရား ကိုကိုးကွယ်မည်။-
တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-