ယောဘဝတ္တု။ 13:6 - Common Language Bible ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။ Garrad Bible ငါ ဆုံး မ ချက် ကိုလည်း ကောင်း၊ နှုတ် မြွက် သော ပဲ့ ပြင် ချက် ကိုလည်း ကောင်း၊ နား ထောင် နာ ခံ ကြ ကုန်။ Judson Bible ငါပြောမည် အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။ မြန်မာ့စံမီသမ္မာကျမ်း ယခု ငါပြန်ပြောသောစကားကို နားထောင်ကြလော့။ ငါ့နှုတ်ဖြင့် လျှောက်လဲသောစကားများကို အာရုံစိုက်ကြလော့။ |
သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-