အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
ကိုယ် တော် သည်၊ အ ကျွန်ုပ် နှင့် စပ်၍ နစ် နာ စ ရာ များ ကို မှတ် သား လျက်၊ ငယ် ပြစ် များ ကို ပြန် ပေး တော် မူ ပြီ။
အကျွန်ုပ်၌ ပြင်းစွာ အပြစ်တင်သောစကားကို မှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ်တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
အကျွန်ုပ်အဖို့ ပြင်းထန်သောစွဲချက်များကို ရေးမှတ်ထား၍ အကျွန်ုပ်ငယ်စဉ်က ပြုမိသောဒုစရိုက်များကို ပြန်၍ခံရစေတော်မူ၏။
မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'
ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။-