ယောဘဝတ္တု။ 10:22 - Common Language Bible သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။ Judson Bible သေခြင်းအရိပ်ဖြစ်စေသော ညကဲ့သို့ တစ်ခဲနက်မိုက်သဖြင့်၊ အလင်းပင် မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်း အလျှင်းမရှိသောပြည်၊ အကျွန်ုပ်တစ်ခါရောက်ပြီးမှ တစ်ဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ်သွား၍မရောက်မီ၊ သက်သာခြင်းအနည်းငယ် ရှိပါမည်အကြောင်း နေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။ |
သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
သို့ပါလျက်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။ အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို မေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
ထိုမှတစ်ပါးသင်တို့နှင့်ငါတို့စပ်ကြားတွင် နက်စွာသောချောက်ကြီးတစ်ခုတည်ရှိ၏။ ထို ကြောင့်သင်တို့ဘက်မှငါတို့ဘက်သို့လည်း ကောင်း၊ ငါတို့ဘက်မှသင်တို့ဘက်သို့လည်း ကောင်းကူးဖြတ်လိုသူတို့သည်မကူးဖြတ် နိုင်ကြ' ဟုပြန်၍ပြော၏။-