ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
ယောဘဝတ္တု။ 10:17 - Common Language Bible အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။ Garrad Bible အ ကျွန်ုပ် တစ် ဘက်၌ သက် သေ များ ကို အ တန် တန် ပြ လျက်၊ အ မျက် တော် ကို တိုး ပွား စေ တော် မူ သ ဖြင့်၊ တစ် တပ် နောက် တစ် တပ် မ ပြတ် လုပ် ကြံ ခံ ရ လေ၏။ Judson Bible အကျွန်ုပ်တစ်ဖက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွားစေခြင်းငှာ ပြုတော်မူသဖြင့်၊ အကျွန်ုပ်တစ်ဖက်၌ ရန်စစ်တို့သည် အထပ်ထပ်ထကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်နှင့်ဆန့်ကျင်သောသက်သေများကို တစ်ခုပြီးတစ်ခုဖော်ပြတော်မူ၏။ အကျွန်ုပ်ကို ပို၍အမျက်ထွက်တော်မူပြီး အပြောင်းအလဲ၊ အတိုက်အခိုက်များနှင့်လည်း ကြုံတွေ့စေတော်မူ၏။ |
ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား ပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည် ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။