``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
ယာကုပ် 4:1 - Common Language Bible သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။- Garrad Bible သင် တို့ ဘောင် တွင် ရန် တွေ့ တိုက် လှန် ခြင်း များ သည် မည် သို့ ဖြစ် ပွား သ နည်း။ သင် တို့ ကိုယ် အင်္ဂါ များ တွင် တိုက် လှန် တတ် သော ဝါ သ နာ များ မှ မ ဟုတ် လော။ Judson Bible သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သည့်အကြောင်းကြောင့် သင်တို့ထဲတွင် စစ်ပွဲများနှင့် ရန်ပွဲများဖြစ်ကြသနည်း။ သင်တို့ကိုယ်ခန္ဓာထဲ၌ ဆန့်ကျင်တိုက်ခိုက်နေသော အပျော်အပါးလိုက်စားလိုသည့်ဆန္ဒများကြောင့် ဖြစ်ကြသည်မဟုတ်လော။ |
``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။-
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-
သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။-
လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။-
သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-
ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-
သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
အဆုံးစွန်သောကာလ၌မိမိတို့၏ကိလေ သာစိတ်အလိုသို့လိုက်၍ အသက်ရှင်သောသူ များပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်းသင်တို့ ဦးစွာနားလည်ရကြမည်။ ထိုသူတို့သည် သင်တို့အားပြက်ရယ်ပြုလျက်၊-