သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
ယာကုပ် 3:4 - Common Language Bible အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။- Garrad Bible သင်္ဘော များ လည်း အ လွန် ကြီး မား၍ လေ ပြင်း တိုက် ရာ ခံ ရ သော် လည်း အ လွန် ငယ် သော တက် မ ဖြင့် တက် မ ကိုင် အ လို ရှိ ရာ လှည့် စေ နိုင် သည် တ ကား။ Judson Bible ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။ |
သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
အိုင်ထဲတွင်ရုတ်တရက်လေမုန်တိုင်းကျလာသဖြင့် လှေသည်လှိုင်းတံပိုးများထဲတွင်နစ်လုမတတ် ရှိတော့၏။ သို့ရာတွင်ကိုယ်တော်ကားအိပ်စက် လျက်နေတော်မူ၏။-
သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။-
လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။-