သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
မဿဲ 7:5 - Common Language Bible အချင်းကြောင်သူတော်၊ သင်၏မျက်စိထဲက သစ်တုံးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင့် ညီအစ်ကို၏မျက်စိထဲကငြောင့်ငယ်ကို ကောင်းစွာမြင်၍ထုတ်ယူနိုင်လိမ့်မည်။ Garrad Bible အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့၊ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။ Judson Bible လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။ မြန်မာ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။- |
သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
သို့ဖြစ်၍သင်တို့သည်အဘယ်ကြောင့်ကိုယ့် မျက်စိထဲကသစ်တုံးကိုမမြင်ဘဲ ညီအစ် ကို၏မျက်စိထဲကငြောင့်ငယ်ကိုမြင်သနည်း။-
သင်၏မျက်စိထဲကသစ်တုံးရှိနေပါလျက် အဘယ်ကြောင့်ညီအစ်ကိုအား `သင်၏မျက်စိ ထဲကငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော သနည်း။-
``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။''
သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-
အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်နတ်မိစ္ဆာက ``ယေရှုကိုငါသိ၏။ ပေါလုကိုလည်းငါသိ၏။ သို့သော်သင်တို့ကား မည်သူများနည်း'' ဟုသူတို့အားမေးလေ၏။