သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။-
မဿဲ 17:9 - Common Language Bible ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ Garrad Bible တောင် ပေါ် မှ ဆင်း လာ ကြ စဉ် ယေ ရှု က သူ သေ တို့ အ ထဲ မှ လူ့ သား မ ရှင် ပြန် မ ထ မြောက် မီ ဤ ရူ ပါ ရုံ ကို မည် သူ့ မျှ အား မ ပြော ကြ နှင့် ဟု မြစ် တား တော် မူ၏။ Judson Bible တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။ မြန်မာ တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- |
သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။-
သင်တို့အားငါဆိုသည်ကားဧလိယသည်ကြွ လာခဲ့ပြီ။ သို့ရာတွင်လူတို့သည်သူ့ကိုမသိကြ သဖြင့်သူ့အားမိမိတို့ပြုလိုရာပြုခဲ့ကြလေ ပြီ။ ထိုနည်းတူပင်လူသားသည်လည်းထိုသူတို့ ၏လက်တွင်ဒုက္ခဆင်းရဲခံရလိမ့်မည်'' ဟုမိန့် တော်မူ၏။
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-
သူ့ကိုသတ်ကြလိမ့်မည်။ ထိုနောက်သုံးရက်မြောက် သောနေ့တွင်လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်းလွန်စွာစိတ်မချမ်း မသာဖြစ်ကြကုန်၏။
သူတို့သည်မော်၍ကြည့်လိုက်သောအခါသခင် ယေရှုမှတစ်ပါးအခြားအဘယ်သူကိုမျှ မတွေ့မမြင်ကြတော့ချေ။
သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
ထိုအခါကိုယ်တော်က ``ငါမည်သူဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောနှင့်'' ဟုတပည့်တော် တို့အားပညတ်တော်မူ၏။
မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။
အသံတော်ထွက်ပေါ်ပြီးသည့်နောက်သခင်ယေရှု တစ်ပါးတည်းကိုသာလျှင်တပည့်တော်တို့မြင် ရကြ၏။ သူတို့သည်မိမိတို့တွေ့မြင်ရသည့် အကြောင်းအရာကိုထိုစဉ်အခါကမည်သူ့ ကိုမျှမပြောဘဲဆိတ်ဆိတ်နေကြ၏။