ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
မြည်တမ်းစကား 3:66 - Common Language Bible သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။'' Garrad Bible ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် အောက် မှ ပယ် ရှား ခြင်း များ ကို၊ ပြု တော် မူ လိမ့် မည်။ Judson Bible အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အမျက်ထွက်လျက် သူတို့ကို လိုက်တော်မူပါ။ ထာဝရဘုရားပိုင်တော်မူသောကောင်းကင်အောက်မှ သူတို့ကို သုတ်သင်ဖယ်ရှင်းတော်မူပါ။ |
ကိုယ်တော်သည်ထိုသူတို့အားထာဝစဉ်ပျက် ပြုန်းအောင်စီရင်ရန်အလိုတော်မရှိသဖြင့် ဒုတိယမြောက်ယေရောဗောင်မင်းအားဖြင့် သူတို့ကိုကယ်တော်မူ၏။
ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ် သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
ကျွန်တော်မျိုးသည်ဤနည်းအတိုင်းပြောဆို ခဲ့လျှင် ကိုယ်တော်၏လူစုတော်ကိုကိုယ်စားပြု၍ ပြောဆိုသည်မဟုတ်ပါ။
ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊ စီမံထားရှိတော်မူသော လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
(အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။)
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
သို့ဖြစ်၍သင်တို့သည်ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ရောက်၍ ပတ်ဝန်းကျင်ရန်သူတို့၏တိုက်ခိုက်မှုမှကင်း လွတ်ပြီးအေးချမ်းစွာနေထိုင်ရသောအခါ အာမလက်အမျိုးသားတို့ကိုတစ်ယောက် မကျန်သုတ်သင်ပစ်ရန်မမေ့ကြနှင့်။
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
ကိုယ်တော်သည်သူတို့၏ဘုရင်များကိုသင်တို့ ၏လက်သို့အပ်မည်။ သင်တို့သည်ထိုဘုရင်များ ကိုသုတ်သင်ပယ်ရှင်းသဖြင့် သူတို့အကြောင်းကို လူတို့သတိရကြတော့မည်မဟုတ်။ မည်သည့် ရန်သူကမျှသင်တို့ကိုမခုခံနိုင်။ သင်တို့ သည်ရန်သူအားလုံးကိုချေမှုန်းလိမ့်မည်။-