ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သော အပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။ သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
မြည်တမ်းစကား 3:64 - Common Language Bible ``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ချင်း တို့ လက် မှု များ အ လိုက် ထိုက် သင့် ရာ ဆပ် ပေး ခြင်း၊ Judson Bible အို ထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူတို့ပြုသောအမှုအတိုင်း အကျိုးအပြစ်ကို ပြန်ဆပ်ပေးတော်မူပါ။ |
ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သော အပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။ သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-
သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။ သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။ သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့် သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-