သို့ပါလျက်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။ အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
မြည်တမ်းစကား 3:43 - Common Language Bible ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။ Garrad Bible အ မျက် တော် ကို လွှမ်း ခြုံ လျက် လိုက် လံ ခြင်း၊ မ ညှာ တာ ဘဲ ကွပ် မျက် ခြင်း၊ Judson Bible အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တစ်ဖန် အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ပြင်းစွာအမျက်ထွက်လျက် ငါတို့ကို လိုက်၍ မညှာမတာကွပ်မျက်တော်မူပြီ။ |
သို့ပါလျက်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။ အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
ကိုယ်တော်ရှင်၏မိုးသက်မုန်တိုင်းအားဖြင့် သူတို့အားလိုက်လံတိုက်ခိုက်တော်မူပါ။ ကိုယ်တော်ရှင်၏လေပြင်းအားဖြင့်သူတို့ကို ကြောက်လန့်စေတော်မူပါ။
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
လူကြီးလူငယ်တို့သည်လမ်းများပေါ်တွင် လဲ၍သေရကြပါ၏။ ပျိုရွယ်သူအမျိုးသားအမျိုးသမီးများသည် ရန်သူ၏ဋ္ဌားဘေးသင့်၍သေရကြပါ၏။ ကိုယ်တော်ရှင်သည်အမျက်ထွက်တော်မူသောနေ့၌ သနားညှာတာခြင်းမရှိဘဲ သူတို့ကိုကွပ်မျက်တော်မူပါ၏။
သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။