ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
မြည်တမ်းစကား 3:36 - Common Language Bible ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။ Garrad Bible အ ရှင် ဘု ရား အ ရေး ယူ တော် မူ သည် မ ဟုတ် လော။ Judson Bible သူတစ်ပါးကို မတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရား နှစ်သက်တော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း အမှုကိစ္စများကို တရားမျှတစွာမစီရင်ခြင်း စသည်တို့ကို ဘုရားရှင် နှစ်သက်တော်မမူ။ |
ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
ထိုအရပ်တွင်ရိုးသားဖြောင့်မှန်သူနည်းပါး လှသည်ဖြစ်၍ မကောင်းမှုကိုရှောင်ကြဉ်သူ သည်သူရူးဟုပင်အထင်ခံရတတ်ပါ၏။'' ဤအဖြစ်သနစ်ကိုမြင်တော်မူသဖြင့် ထာဝရဘုရားသည်တရားမျှတခြင်း ကင်းမဲ့မှုကိုနှစ်သက်တော်မမူ။-
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
``အကယ်၍ဣသရေလအမျိုးသားနှစ်ဦး သည်ရုံးတွင် တရားဆိုင်ကြရာ၌တစ်ဦးသည် အပြစ်မရှိ၊ အခြားတစ်ဦးသည်အပြစ်ရှိ သည်ဟူ၍စီရင်သောအခါ၊-