ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
မြည်တမ်းစကား 1:17 - Common Language Bible ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန် အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။ သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။'' Garrad Bible ဇိ အုန် မြို့ သည် လက် အုပ် ချီ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ ယာ ကုပ် လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘုရား သည် ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ရန် မူ ကြ စေ ခြင်း ငှာ၊ မိန့် တော် မူ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ညစ် ညူး ဖွယ် ထင် မှတ် ကြ ၏။ Judson Bible ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကိုဖြန့်သော်လည်း၊ နှစ်သိမ့်စေသောသူ မရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံရှာဖွယ် ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်မြို့သည် လက်ကိုဆန့်သော်လည်း နှစ်သိမ့်မည့်သူတစ်ယောက်မျှမရှိ။ ယာကုပ်ကို ရန်ပြုကြစေရန် ပတ်ပတ်လည်ရှိလူမျိုးတို့ကို ထာဝရဘုရားအမိန့်ပေးတော်မူပြီ။ ဂျေရုဆလင်မြို့သည် ထိုသူတို့အလယ်၌ မစင်ကြယ်သောအရာကဲ့သို့ဖြစ်လေပြီ။ |
ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားအချို့တို့သည်လှိုက်လှဲစွာဝမ်းနည်း လျက် ဤဗိမာန်တော်ဘက်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြုလျှင်၊-
ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
ငါရွေးချယ်ထားသည့်ငါ၏အမွေခံသည်သိမ်း ငှက်များ ဝိုင်းဝန်း၍ထိုးဆိတ်ခံရသည့်ငှက်နှင့်တူ၏။ သားရဲတိရစ္ဆာန်တို့လာ၍စားသောက်ကြရန် ခေါ်ဖိတ်လော့။
``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။ သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။ အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။-
ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-