အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
မိက္ခာ 7:5 - Common Language Bible သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။- Garrad Bible အ ပေါင်း အ ဖော် ကို အား ကိုး ခြင်း၊ အ သိ အ ကျွမ်း ကို စိတ် ချ ခြင်း မ ပြု လင့်။ ရင် ခွင် ရှိ မ ယား ရှေ့ ပင်၊ ကိုယ့် နှုတ် တံ ခါး ကို စောင့် လော့။ Judson Bible အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သောမယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။ မြန်မာ့စံမီသမ္မာကျမ်း သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။
ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-