ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
မိက္ခာ 2:9 - Common Language Bible သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။- Garrad Bible သာ ယာ အိမ် များ မှ၊ လူ မျိုး တော် မိန်း မ တို့ ကို နှင် ထုတ် ခြင်း၊ သူ ငယ် တို့ မှ၊ ငါ့ ဘုန်း ဂုဏ် ကို ရုပ် သိမ်း ခြင်း ပြု ကြ လေ စွ။ Judson Bible ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲကနှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နုတ်ယူကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့လူမျိုးတော်တို့၏မိန်းမတို့ကို သူတို့မွေ့လျော်ရာအိမ်မှ နှင်ထုတ်ပစ်၏။ သူတို့၏သားသမီးများထံမှ ငါ၏ဘုန်းကို အပြီးအပိုင်နုတ်ယူကြပြီ။ |
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
ငါတို့၏တဲများသည်ယိုယွင်းပျက်စီးလျက်၊ ယင်းတို့ကိုဆွဲထားသည့်ကြိုးများသည်လည်း ပြတ်၍သွားလေပြီ။ ငါတို့၏သားသမီးအားလုံးပင်ငါတို့ထံမှ ထွက်ခွာသွားကြပါပြီ။ ငါတို့၏တဲများကိုတစ်ဖန်ပြန်၍ထိုးပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ။ တဲကန့်လန့်ကာများကိုလည်းတပ်ဆင်ပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ'' ဟု ဟစ်အော်ကြ၏။
ထာဝရဘုရားက``လူမျိုးတကာတို့သည် ငါ၏ဘုန်းအသရေတော်ကိုမြင်ရကြလိမ့် မည်။ ငါ၏တရားမျှတသောစီရင်ချက်များ ကိုအကောင်အထည်ဖော်ရာတွင် ငါသည် မိမိ၏တန်ခိုးတော်ကိုအဘယ်သို့အသုံး ပြုတော်မူကြောင်းသူတို့အားပြမည်။-
ယုဒပြည်သားများနှင့်ယေရုရှလင်မြို့ သူမြို့သားတို့အား မိမိတို့တိုင်းပြည်မှ ရပ်ဝေးသို့ခေါ်ဆောင်ကာ၊ ဂရိအမျိုး သားတို့ထံတွင်ရောင်းစားခဲ့ကြ၏။-
သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
မုဆိုးမများ၏အိမ်များကိုမတရားသိမ်းယူ ပြီးလျှင် လူကြားကောင်းစေရန်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့သည်ပို၍ ကြီးလေးသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့'' ဟု မိန့်တော်မူ၏။
မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-