သင်တို့ဘုရင်များသည်ငါ၏ဗိမာန်တော်ကို ညစ်ညမ်းစေကြ၏။ ထို့ကြောင့်ငါသည်ဣသရေလပြည်ကို ပျက်ပြုန်းစေ၍၊ ငါ၏လူမျိုးတော်အားအသရေ ပျက်စေလေသည်။
မာလခိ 3:9 - Common Language Bible တစ်နိုင်ငံလုံးပင်ငါ့အားလိမ်လည်လှည့် စားလျက်နေသဖြင့် သင်တို့အားလုံးသည် ကျိန်စာသင့်လျက်ရှိကြ၏။- Garrad Bible တစ် မျိုး လုံး သည် ငါ့ ကို တွန့် တို သည့် အ တွက်၊ ကျိန် ဆို ခဲ့ သော အ မင်္ဂ လာ ကို ခံ ရ ကြ လေ စွ။ Judson Bible သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့တစ်မျိုးသားလုံး ငါ့ထံမှလုယူကြသောကြောင့် သင်တို့သည် ကျိန်ခြင်းကိုခံရ၍ ကျိန်စာသင့်လေပြီ။ |
သင်တို့ဘုရင်များသည်ငါ၏ဗိမာန်တော်ကို ညစ်ညမ်းစေကြ၏။ ထို့ကြောင့်ငါသည်ဣသရေလပြည်ကို ပျက်ပြုန်းစေ၍၊ ငါ၏လူမျိုးတော်အားအသရေ ပျက်စေလေသည်။
ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။