သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
မာလခိ 3:15 - Common Language Bible ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။ Garrad Bible ယ ခု ကာ လ၊ ငါ တို့ သည်၊ မာ န ကြီး သူ တို့ ကို ချီး မွမ်း ရ သည့် ပြင်၊ ဆိုး သွမ်း စွာ ပြု ကျင့် သူ တို့ လည်း၊ တည် တံ့ ခွင့် ရ၍၊ ဘု ရား သ ခင် ကို စုံ စမ်း လျက် ပင် ဘေး လွတ် ရ ကြ သည် တ ကား ဟု၊ သင် တို့ ဆို ခြင်း ဖြင့် တည်း။ Judson Bible မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစရိုက်ကို ပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ်စင်စစ် ဘုရားသခင်ကိုစုံစမ်းသော်လည်း ချမ်းသာရတတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။ |
သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။
မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ ယုတ်မာမှုများကိုသော်လည်းကောင်း ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။
လူသည်မိမိဘဝနှင့်ကျေနပ်၍ မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။ သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
သူတို့သည်စားလိုသည့်အစားအစာကို တောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
သူတို့သည်အဖန်တလဲလဲဘုရားသခင်အား သွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
သို့ရာတွင်သူတို့သည်အနန္တတန်ခိုးရှင် ဘုရားသခင်အားပုန်ကန်၍သွေးစမ်းကြ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို မစောင့်မထိန်းကြ။
ထိုသူတို့သည်မိမိတို့၏အတွက်ငါပြုသည့် အမှုကိုတွေ့မြင်ကြပြီးဖြစ်သော်လည်း ထိုအရပ်တွင်ငါ့ကိုသွေးစမ်းကြ၏။
မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။
သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။
သင်တို့သည်ငါစက်ဆုတ်သည့်အမှုများကို ပြုကျင့်ကာငါ၏ဗိမာန်တော်သို့လာ၍ ငါ့ ရှေ့မှောက်၌ရပ်ပြီးလျှင်`ငါတို့သည်ဘေး ကင်းကြပြီ၊ ဤရွံရှာဖွယ်ကောင်းသော အရာတို့ကိုလုပ်နိုင်ကြပြီ' ဟုဆိုကြ၏။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ထာဝရ ဘုရားရှင်အား အကဲမစမ်းကြနှင့်။ သူတို့ ကားမြွေကိုက်၍သေခဲ့ကြလေပြီ။-
သင်တို့ဘိုးဘေးများသည်အနှစ်လေးဆယ်တိုင် တိုင် ငါပြုတော်မူသောအမှုကိုတွေ့မြင်ခဲ့သော်လည်း ငါ့ကိုဆန့်ကျင်၍အကဲစမ်းကြ၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-