သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
ဗျာဒိတ် 6:7 - Common Language Bible သိုးသူငယ်တော်သည်စတုတ္ထချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ စတုတ္ထသတ္တဝါ၏အသံကို ငါကြားရ၏။ ထိုသတ္တဝါက``လာလော့'' ဟု ဆို၏။- Garrad Bible စ တု တ္ထ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ လာ ခဲ့ လော့ ဟု စ တု တ္ထ သ တ္တ ဝါ ဆို သည် ကို ငါ ကြား သည့် အ တိုင်း ကြည့် ပြန် ရာ မြင်း မွဲ တစ် စီး ကိုလည်း ကောင်း၊ Judson Bible စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့”ဟု ဆိုသည့်အသံကို ငါကြားရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ |
သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-
သိုးသူငယ်တော်သည်ဒုတိယတံဆိပ်ကိုဖွင့် လိုက်သောအခါ ဒုတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။-
သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။-