အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများကိုတွန်းလှန် ဖြိုခွင်းတော်မူပါ။ ကိုယ်တော်ဋ္ဌားတော်ဖြင့်သူယုတ်မာတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
ဗျာဒိတ် 6:4 - Common Language Bible ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။ Garrad Bible စီး နင်း သူ သည် လူ အ ချင်း ချင်း လုပ် ကြံ ကြ စေ ရန် မြေ ကြီး ပေါ် ရှိ ရန် ငြိမ်း ခြင်း ကို ရုပ် သိမ်း ခွင့် ရ သည့် ပြင် ဓား လွယ် ကြီး တစ် စင်း ကို ခံ ရ၏။ Judson Bible ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နီရဲသောအခြားမြင်းတစ်ကောင်ထွက်လာ၏။ ထိုမြင်းပေါ်တွင်စီးသောသူသည် လူတို့အား အချင်းချင်းသတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုကိုရုပ်သိမ်းရသောအခွင့်ကိုရရှိ၏။ ကြီးမားသောဓားတစ်လက်ကိုလည်း သူ့အားပေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မြင်းနီတစ်ကောင် ထွက်လာ၏။ လူအချင်းချင်း သတ်ဖြတ်ကြရန်အတွက် ထိုမြင်းကို စီးသောသူအား ကမ္ဘာလောကမှ ငြိမ်းချမ်းမှုကို ဖယ်ရှားနိုင်သည့်တန်ခိုးကို ပေးအပ်ထားတော်မူ၏။ သူ့အား ဓားကြီးတစ်လက်ကိုလည်း ပေးအပ်ထားတော်မူ၏။ |
အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများကိုတွန်းလှန် ဖြိုခွင်းတော်မူပါ။ ကိုယ်တော်ဋ္ဌားတော်ဖြင့်သူယုတ်မာတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
သူသည်လွန်စွာကြီးမြတ်တော်မူသဖြင့် ဘာ သာစကားအမျိုးမျိုးပြောဆိုသူလူမျိုး အသီးသီးနှင့် နိုင်ငံအသီးသီးတို့ရှိလူ အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ ပါ၏။ သူသည်မိမိကွပ်မျက်လိုသူကိုကွပ် မျက်၍အသက်ရှင်စေလိုသူကိုရှင်စေ တော်မူခဲ့ပါ၏။ ချီးမြှောက်လိုသူကိုချီး မြှောက်၍နှိမ့်ချလိုသူကိုနှိမ့်ချတော်မူ ခဲ့ပါ၏။-
ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-
``ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန်ငါ လာသည်ဟုမထင်ကြနှင့်။ ငါသည်ငြိမ်းချမ်း သာယာမှုပေးရန်လာသည်မဟုတ်။ ခိုက်ရန်ဖြစ် ပွားကြစေရန်သာငါလာ၏။-
သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
အဖမ်းခံရမည့်သူသည်အဖမ်းခံရမည် သာဖြစ်သည်။ ဋ္ဌားဘေးနှင့်သေရမည့်သူသည် လည်းဋ္ဌားဘေးနှင့်သေရမည်သာဖြစ်၏။ ဤ အကြောင်းကြောင့်ဘုရားသခင်၏လူစု တော်သည်တည်ကြည်သူများ၊ သစ္စာရှိသူ များဖြစ်ရန်လိုပေသည်။
ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-
ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။ သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။-