ဗျာဒိတ် 3:7 - Common Language Bible ``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။- Garrad Bible ဖိ လ ဒေ လ ဖိ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ၊ သန့် ရှင်း၍ ဟုတ် မှန် တော် မူ သော အ ရှင်၊ ဒါ ဝိဒ် မင်း သော့ ကို ပိုင် လျက်၊ မည် သူ မျှ မ ပိတ် နိုင် အောင် ဖွင့် ထား ခွင့်၊ မ ဖွင့် နိုင် အောင် ပိတ် ထား ခွင့် ရ တော် မူ သော အ ရှင် က၊ Judson Bible ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။- မြန်မာ့စံမီသမ္မာကျမ်း ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။ |
ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားမရဏာနိုင်ငံသို့လားရန် အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်တည်း။ ကျွန်တော်မျိုးသည်အမှုတော်ကိုသစ္စာရှိစွာ ထမ်းခဲ့ပါ၏။ ကွန်တော်မျိုးအားသေမင်း၏လက်သို့ အပ်တော်မူမည်မဟုတ်ပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကွယ်ကာသောသူကိုရွေးချယ်ပေးတော် မူပါ၏။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အတွက် ရှင်ဘုရင်ကိုခန့်ထားပေးတော်မူပါ၏။
ငါသည်သူ့အားဒါဝိဒ်၏သားမြေးဖြစ်သူ ပြည်ရှင်မင်း၏အမှုတော်ကိုထမ်းဆောင်ရန် အာဏာအပြည့်အဝအပ်နှင်းပေးမည်။ သူ သည်အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် သော့ချက်သဖွယ်ဖြစ်၍သူပြုသည့်အမှု တို့ကိုအဘယ်သူမျှပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မည်မဟုတ်။-
ငါတို့လမ်းမှဖယ်ကြလော့။ ငါတို့လမ်းကို မပိတ်ကြနှင့်။ သင်တို့ကိုးကွယ်သောသန့်ရှင်း မြင့်မြတ်သည့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အကြောင်းကိုငါတို့ မကြားလို'' ဟုဆိုကြ၏။
ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
ဤအချင်းအရာကိုတွေ့မြင်ကြသောအခါ လူတို့သည်ဤအမှုကားငါထာဝရဘုရား စီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် သည် ငါတို့ကိုရွေးနုတ်ကယ်တင်တော်မူပြီ။ ကိုယ်တော်၏နာမတော်သည်အနန္တတန်ခိုး ရှင် ထာဝရဘုရားဖြစ်ပါသည်တကား။
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့အားကယ်တင်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အကျိုးငှာသွန်သင်တော်မူ၍၊ သင်တို့သွားရမည့်ခရီးလမ်းကို ပြညွှန်တော်မူလိုသည့် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိပါ၏။'' ဟုအချင်းချင်းကြွေးကြော်၍နေကြ၏။
ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။
ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
ထိုနောက်ယဇ်ပလ္လင်မှအသံက``အနန္တတန်ခိုးရှင် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင် တော်မူချက်တို့သည်မှန်ကန်၍တရားမျှတ ပါ၏'' ဟုလျှောက်ထားသည်ကိုငါကြားရ၏။
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-