ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
ဗျာဒိတ် 22:3 - Common Language Bible ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံရသည့်အရာ တစ်စုံတစ်ရာမျှ ထိုမြို့တွင်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသူငယ်တော်၏ပလ္လင်တော် သည် ထိုမြို့တွင်ရှိ၍ကိုယ်တော်၏အစေခံတို့ သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်။- Garrad Bible မြို့ တော်၌ အ ကျိန် ခံ ထိုက် သည့် အ ရာ မ ရှိ။ ဘု ရား သ ခင် နှင့် သိုး ငယ် တော် ၏ ရာ ဇ ပ လ္လင် တည် သည် နှင့် ကျွန် တော် ရင်း တို့ လည်း န ဖူး တွင် နာ မ တော် ဆောင် လျက် မျက် နှာ တော် ကို ဖူး မြင်၍ ဝတ် ပြု ရ ကြ လ တ္တံ့။ Judson Bible နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်သည် ထိုမြို့တွင် ရှိပြီး ကိုယ်တော်၏ အစေခံတို့သည် ကိုယ်တော်ကို ဝတ်ပြုကြလိမ့်မည်။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
ငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။-
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
လူတို့သည်ဆုံးပါးပျက်စီးမည့်ဘေးဖြင့် ခြိမ်းချောက်မှုမခံရတော့ဘဲ ထိုအရပ်တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ရကြလိမ့်မည်။
သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။
ဘုရားသခင်သည်လူသားအားဖြင့်ဘုန်း အသရေထွန်းတောက်တော်မူလျှင် ဘုရား သခင်ကိုယ်တော်တိုင်အားဖြင့် လူသားအား ဘုန်းအသရေထွန်းတောက်စေတော်မူလိမ့် မည်။-
ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။-
`` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။
သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-