ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ဗျာဒိတ် 22:11 - Common Language Bible မတရားသောအမှုကိုပြုသောသူသည်ပြုမြဲ ပြုပါစေ။ ညစ်ညမ်းသူသည်ဆက်လက်၍ညစ်ညမ်း လျက်နေပါစေ။ ဖြောင့်မတ်သူသည်ဆက်လက်၍ ဖြောင့်မတ်ပါစေ။ မြင့်မြတ်သန့်ရှင်းသူသည်ဆက် လက်၍မြင့်မြတ်သန့်ရှင်းပါစေ'' ဟုငါ့အား ဆို၏။ Garrad Bible မ တ ရား သူ သည် မ တ ရား လျက် နေ စေ ဦး။ ညစ် ပေ သူ သည် ညစ် ပေ စေ ဦး။ တ ရား သူ သည် တ ရား သ ဖြင့် ကျင့် စေ ဦး။ သန့် ရှင်း သူ သည် သန့် ရှင်း စေ ဦး။ Judson Bible မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။- မြန်မာ့စံမီသမ္မာကျမ်း မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မတရားမှုပြုသောသူက ဆက်၍ ပြုပါစေ။ ညစ်ညမ်းသောသူက ဆက်၍ ညစ်ညမ်းပါစေ။ ဖြောင့်မတ်သောသူက ဆက်၍ ဖြောင့်မတ်ပါစေ။ သန့်ရှင်းသောသူက ဆက်၍ သန့်ရှင်းပါစေ” ဟုကျွန်ုပ်အား ပြော၏။ |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
လူအမြောက်အမြားတို့သည်စိတ်နှလုံးသန့် ရှင်းဖြူစင်လာကြလိမ့်မည်။ သူယုတ်မာတို့ သည်ကားအသိတရားမရှိဘဲဆက်လက် ယုတ်မာလျက်နေကြလိမ့်မည်။ ပညာရှိသူ များသာလျှင်အသိတရားကိုရရှိကြ လိမ့်မည်။
သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။
သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။-
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊-
ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။
ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံရသည့်အရာ တစ်စုံတစ်ရာမျှ ထိုမြို့တွင်ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသူငယ်တော်၏ပလ္လင်တော် သည် ထိုမြို့တွင်ရှိ၍ကိုယ်တော်၏အစေခံတို့ သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်။-