အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ဗျာဒိတ် 22:10 - Common Language Bible ထိုနောက်ကောင်းကင်တမန်က``ဤအမှုအရာ အားလုံးဖြစ်ပျက်မည့်အချိန်သည်နီးကပ်လာ ပြီဖြစ်၍ ဤကျမ်းစောင်တွင်ဖော်ပြပါရှိသည့် ပရောဖက်စကားများကိုလျှို့ဝှက်၍မထား နှင့်။- Garrad Bible တစ် ဖန် တုံ အ ချိန် တိုင် ရောက် လု ပြီ ဖြစ် သော ကြောင့် ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ဆို ချက် များ ကို တံ ဆိပ် ခပ်၍ မ ပိတ် နှင့်။ Judson Bible တစ်ဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ထိုကောင်းကင်တမန်က “အချိန်နီးကပ်လာသောကြောင့် ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောချက်များကို မျှဝေလော့။ လျှို့ဝှက်မထားနှင့်။ |
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
ထိုသူက``ဒံယေလ၊ ကမ္ဘာကုန်ဆုံးချိန်တိုင် အောင်ဤစကားများကိုလျှို့ဝှက်၍ထား ရမည်။ သို့ဖြစ်၍ယခုသင်သွားလော့။-
ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။-
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-
ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။-
ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-
အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။-
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။
ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
ဤကျမ်းစောင်ပါဗျာဒိတ်တော်များကိုကြားရ သူအပေါင်းတို့အား ငါယောဟန်သည်ကြပ်တည်း စွာသတိပေးလိုက်၏။ မည်သူမဆိုဤကျမ်းစောင် တွင် တစ်စုံတစ်ရာထပ်လောင်း၍ဖြည့်စွက်ပါက ထိုသူအပေါ်သို့ဘုရားသခင်သည် ဤကျမ်း စောင်၌ဖော်ပြသောဘေးဒဏ်များကိုသက် ရောက်စေတော်မူလိမ့်မည်။-
ဤအကြောင်းအရာများကိုသက်သေခံတော်မူ သောအရှင်က``မုချမကြာမီငါကြွလာမည်'' ဟုမိန့်တော်မူ၏။ ဤအတိုင်းပင်ဖြစ်ပါစေ သော။ သခင်ယေရှုကြွလာတော်မူပါ။
သခင်ယေရှုက``နားထောင်လော့။ ငါသည်မကြာ မီကြွလာမည်။ ဤကျမ်းစောင်တွင်ပါရှိသည့် ပရောဖက်စကားများကို လိုက်လျှောက်သော သူတို့သည်မင်္ဂလာရှိ၏'' ဟုမိန့်တော်မူ၏။
ကောင်းကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုပရောဖက်များနှင့် ဤကျမ်းစောင် ၏စကားကိုလိုက်နာစောင့်ထိန်းသူတို့၏လုပ်ဖော် ဆောင်ဘက်အစေခံတစ်ဦးသာလျှင်ဖြစ်၏။ ဘုရား သခင်ကိုသာလျှင်ရှိခိုးလော့'' ဟုဆို၏။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-