ဒံယေလ 8:26 - Common Language Bible26 ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible26 ဆို ခဲ့ သည် ညဉ့် နှင့် နေ့ ဆိုင် ရာ ရူ ပါ ရုံ သည် မှန် သော် လည်း ကွာ ဝေး သော ကာ လ အ ဖို့ ဖြစ် သော ကြောင့် သို ထား လော့။ အခန်းကိုကြည့်ပါ။Judson Bible26 ညဉ့်ဦးနှင့် နံနက်ကို ဖော်ပြသော ဗျာဒိတ်ရူပါရုံစကား မှန်သည်ဖြစ်၍ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။ အခန်းကိုကြည့်ပါ။ |
ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။
သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။