နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
ဗျာဒိတ် 20:1 - Common Language Bible ထိုနောက်ကောင်းကင်တမန်တစ်ပါးသည်တွင်း နက်ကြီး၏သော့ကိုလည်းကောင်း၊ သံကြိုးကြီး ကိုလည်းကောင်း ကိုင်လျက်ကောင်းကင်မှဆင်း လာသည်ကိုငါမြင်ရ၏။- Garrad Bible တစ် ဖန် စေ တ မန် တော် တစ် ပါး သည် င ရဲ ဘုံ သော့ နှင့် သံ ကြိုး ကြီး တစ် စင်း ကို ကိုင် လျက် ကောင် ကင် ဘုံ မှ ဆင်း လာ ရာ၊ Judson Bible တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ |
နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
ထိုနောက်ကောင်းကင်မှဆင်းသက်လာသော အခြား ကောင်းကင်တမန်တစ်ပါးကိုငါမြင်ရ၏။ သူ့ မှာကြီးမားသည့်အာဏာစက်ရှိ၏။ သူ၏အရောင် အဝါသည်ကမ္ဘာမြေပြင်တစ်ဝန်းလုံးကိုထွန်း လင်းတောက်ပစေ၏။-
ကောင်းကင်တမန်သည်နဂါးကိုတွင်းနက်ကြီး ထဲသို့ပစ်ချကာတွင်းကိုပိတ်ပြီးနောက် အနှစ် တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင်လူမျိုးတကာ တို့အားမှောက်မှားလမ်းလွဲမှုမပြုနိုင်စေရန် တံဆိပ်ခတ်နှိပ်၍ထား၏။ အနှစ်တစ်ထောင် ကုန်ဆုံးချိန်၌သူ့အားခေတ္တလွှတ်ပေးရမည်။