မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
ဗျာဒိတ် 2:18 - Common Language Bible သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။- Garrad Bible သွာ တိ ရ မြို့ ရှိ အ သင်း တော့် ဆိုင် ရာ စေ တ မန် တော့် ထံ ရေး လိုက် ရ မည် မှာ မီး လျှံ အ ဆင်း စ က္ခု တော်၊ တိုက် ပြီး ကြေး အ ဆင်း ခြေ တော် ရှိ သော ဘု ရား သ ခင့် သား တော် က၊ Judson Bible သွာတိရမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြေးဝါစစ်နှင့်တူသော ခြေနှင့်လည်းကောင်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊- မြန်မာ့စံမီသမ္မာကျမ်း သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သွာတိရမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ မျက်လုံးတော်သည် မီးလျှံကဲ့သို့လည်းကောင်း၊ ခြေတို့သည် တောက်ပသောကြေးဝါကဲ့သို့လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။ |
မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
သူ၏ခန္ဓာကိုယ်သည်ကျောက်မျက်ရတနာ ကဲ့သို့တောက်ပ၏။ သူ၏မျက်နှာသည်လျှပ် စစ်နွယ်ကဲ့သို့ပြောင်လက်လျက် သူ၏မျက်စိ များသည်မီးကဲ့သို့အလျှံထလျက်နေ၏။ သူ၏လက်ခြေတို့သည် တိုက်ချွတ်ထားသော ကြေးဝါကဲ့သို့တောက်ပ၍ သူ၏အသံ သည်လူပရိတ်သတ်ကြီး၏အော်ဟစ်သံ နှင့်တူ၏။
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။
ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-