ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။-
ဗျာဒိတ် 19:9 - Common Language Bible ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။ Garrad Bible ထို အ ခါ စေ တ မန် တော် က၊ သိုး ငယ် တော်၏ မင်္ဂ လာ ဆောင် ပွဲ တော် သို့ ဖိတ် ကြား ခံ ရ သူ တို့၌ မင်္ဂ လာ ရှိ သည် ကို ရေး သား လော့ ဟူ၍ လည်း ကောင်း၊ ဤ ကား ဘု ရား သ ခင့် ဗျာ ဒိတ် တော် စစ် ဖြစ် သည် ဟူ၍လည်း ကောင်း မြွက် ဆို ရာ၊ Judson Bible ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။ |
ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။-
ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
အောက်ပါစကားသည်သစ္စာစကားဖြစ်ပေသည်။ ``ငါတို့သည်ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူရှင်လိမ့်မည်။
ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-
သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။
``ဧဖက်မြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ ဤသို့စာရေး၍သြဝါဒပေးလိုက်လော့။ ဤသြဝါဒသည်ကြယ်ခုနစ်လုံးကိုလက်ယာ လက်တွင်ကိုင်ကာ ရွှေမီးခွက်ခုနစ်ခုအကြား တွင်သွားလာနေသူ၏ထံမှဖြစ်၏။-
``ပေရဂံမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ထက်မြက်သောသန်လျက် ဆောင်ထားသူ၏ထံမှဖြစ်၏။-
သွာတိရမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်ဘုရားသခင်၏သားတော် ထံမှဖြစ်၏။ ထိုအရှင်၏မျက်စိတော်များသည် မီးလျှံသဖွယ်တောက်ပလျက်၊ ခြေတော်များ သည်တောက်ပြောင်သောကြေးဝါကဲ့သို့ဖြစ်၏။-
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။
``သာဒိမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်၏ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူထံ မှဖြစ်၏။ သင်ပြုသောအမှုကိုငါသိ၏။ သင်သည်သက်ရှင်လှုပ်ရှားလျက်နေသည် ဟုကျော်ကြားသော်လည်းသေလျက်နေ၏။-
``လောဒိကိအသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်ဘုရားသခင်ဖန်ဆင်းတော်မူ သောအရာအပေါင်းတို့၏အစမူလဖြစ်တော် မူသော၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံဖြစ် တော်မူသောအာမင်၏ထံမှဖြစ်သည်။-
နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-