သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ဗျာဒိတ် 19:6 - Common Language Bible ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။- Garrad Bible လူ ပ ရိတ် သတ် ကြီး ၏ အုတ် အုတ် သဲ သဲ သံ၊ သ မု ဒ္ဒ ရာ ဟုန်း သံ၊ ပြင်း ထန် သော မိုး ချုန်း သံ နှင့် တူ သော အ သံ ကို ငါ ကြား ရ သည် မှာ ဟာ လေ လု ယ။ အ န န္တ တန် ခိုး ရှင်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စိုး စံ တော် မူ ၏။ Judson Bible တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။ |
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
ဘုရားသခင်သည်ကမ္ဘာတစ်ဝန်းလုံး၏ဘုရင် ဖြစ်တော်မူ၏။ သီချင်းများဖြင့်ကိုယ်တော်အားထောမနာပြု ကြလော့။
ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက် လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။ မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
မြောက်အရပ်မှလာရောက်တိုက်ခိုက်သူတို့ ၏လက်တွင်းသို့ ဗာဗုလုန်မြို့ကျဆင်းသွား သောအခါမြေကြီးပေါ်၌လည်းကောင်း၊ မိုး ကောင်းကင်၌လည်းကောင်းရှိသမျှသော အရာတို့သည်ဝမ်းမြောက်သဖြင့်ကြွေး ကြော်ကြလိမ့်မည်။-
သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။-
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-
ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။-
ထိုနောက်ကောင်းကင်ပရိသတ်ကြီးမှ ထွက် ပေါ်လာသောအသံနှင့်တူသည့်အသံကိုငါ ကြားရ၏။ ထိုသူတို့က``ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းကြလော့။ ငါတို့ဘုရားသခင် သည်ကယ်တင်တော်မူသောအရှင်၊ ဘုန်းအသ ရေတော်၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။-
ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။
ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-
ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။