ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
ဗျာဒိတ် 19:5 - Common Language Bible ``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။- Garrad Bible ရာ ဇ ပ လ္လင် တော် မှ ထွက် လာ သော အ မိန့် သံ က လည်း ကိုယ် တော် ကို ခန့် ညား သော အ ချင်း ကျွန် တော် ရင်း အ ယုတ် အ မြတ် အ ပေါင်း တို့၊ ငါ တို့ ဘု ရား သ ခင် အား ထော မ နာ ပြု ကြ လော့ ဟု ဆို သည့် ကာ လ၊ Judson Bible ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ပလ္လင်တော်မှထွက်လာသောအသံကလည်း “ဘုရားသခင်၏အစေအပါးများနှင့် ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့၊ ငါတို့၏ဘုရားသခင်ကို ချီးမွမ်းကြလော့”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ရာဇပလ္လင်တော်မှ ထွက်ပေါ်လာသောအသံမှာ “ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့် ရှိသမျှလူအပေါင်းတို့… ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချီးမွမ်းကြလော့” ဟူ၍ ဖြစ်၏။ |
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
ကိုယ်တော်၏အစေခံသူ၊ဗိမာန်တော်တွင်ညဥ့် အခါ အမှုတော်ဆောင်သူအပေါင်းတို့၊ လာ၍ထာဝရဘုရားအားထောမနာပြုကြလော့။
ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသော ငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
ထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်ကို ထောမနာပြုကြလော့။ ယာကုပ်၏သားမြေးတို့၊ကိုယ်တော်အား ဂုဏ်ပြုချီးကူးကြလော့။ ဣသရေလအမျိုးသားတို့၊ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလော့။
ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။-
သတ္တမကောင်းကင်တမန်သည်မိမိဖလားမှ အမျက်တော်ကို လေထဲသို့သွန်းလောင်းလိုက် ၏။ ထိုအခါဗိမာန်တော်အတွင်းရှိပလ္လင်တော် မှ``အမှုပြီးဆုံးလေပြီ'' ဟုကျယ်စွာသော အသံထွက်ပေါ်၍လာ၏။-
သင်တို့သည်ရှင်ဘုရင်တို့၏အသား၊ ဗိုလ်ချုပ် ကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ လူ ကြီးလူငယ်၊ ကျွန်နှင့်ကျွန်မဟုတ်သူတို့၏ အသားကိုစားကြရလတ္တံ့'' ဟုအသံကျယ် စွာကြွေးကြော်လေသည်။
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-