``ဤအမှုအရာနှင့်ပတ်သက်၍ဉာဏ်ပညာနှင့် အသိတရားရှိရန်လိုပေသည်။ ဦးခေါင်းခုနစ် လုံးသည်အမျိုးသမီးထိုင်နေသည့်တောင်ခုနစ် လုံးကိုဆိုလို၏။ ရှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။-
ဉာဏ် ပ ညာ ပြ ရ မည် မှာ ဦး ခေါင်း ခု နစ် လုံး သည် ထို မိန်း မ ထိုင် နေ ရာ တောင် ခု နစ် လုံး ဖြစ် သည့် ပြင်၊
ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဉာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော တောင်ခုနစ်လုံး ဖြစ်၏။-
ဤနေရာတွင် ဉာဏ်ပညာပါသောအသိစိတ်ရှိရန်လိုအပ်၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်နေသောတောင်ခုနစ်လုံးဖြစ်ပြီး
ဤကိစ္စနှင့်ပတ်သက်၍ ဉာဏ်နှင့် ယှဉ်သော အသိစိတ်ရှိရန် လိုအပ်၏။ ထိုအမျိုးသမီး ထိုင်နေသော သားရဲ၏ ခေါင်းခုနစ်လုံးမှာ တောင်ခုနစ်လုံးကို ကိုယ်စားပြုပြီး
ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-
ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။
သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။
ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-
ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။-